သင်တန်းအကြောင်းရှင်းပြချက်
BIM 361 – ယခု Navisworks training ကတော့ BIM သင်တန်းကို တက်ရောက်
သင်ကြားနေသူများ အတွက် Revit, Tekla Structure, Microsoft Excel for Engineering
နဲ့ Microsoft Project တို့နဲ့ အတူ တွဲဖက်သင်ကြားရတဲ့ အတန်းတစ်ခုဖြစ်ပါတယ်။
သင်္ကြန်ကာလအပြီးမှာ ဖွင့်လှစ်မယ်လို့ ပြောထားခဲ့တဲ့ အတိုင်း စောင့်မျှော်နေတဲ့
ကျောင်းသား၊ကျောင်းသူများအတွက် ကတိအတိုင်း ဖွင့်လိုက်ပါပြီ။
ဒီအတန်းမှာ Navisworks ကို
Revit, AutoCAD 3D, Tekla Structure အစရှိတဲ့ Engineering သုံး software program
တွေထဲက ထွက်လာတဲ့ Model တွေကို 3D Navisworks model အနေနဲ့ တစုတစည်းတည်း
ပေါင်းစပ်ပြီးတော့ ဘယ်လို လုပ်ရမလဲဆိုတာ လေ့လာနိုင်ပါမယ်။ Navisworks model ထဲမှာ
ဗိသုကာ၊အဆောက်အဦးပိုင်း ဆိုင်ရာ၊ MEP(mechanical,electrical& plumbing)နဲ့
မီးသတ်ဖြန်းမှု စနစ်တွေ တခုနဲ့ တခု အကြား clash detection လုပ်တဲ့ အပိုင်းတွေ
ပါဝင်မယ်။ များပြားလှတဲ့ BIM model တွေကို clash detection analysis model
တွေအဖြစ် စနစ်တကျ ပေါင်းစပ်ပြီးတော့ အသုံးပြုတတ်စေမယ့် Navisworks workflow
strategies တွေ အများစုကို လေ့လာရမယ်။
EduGate Online BIM Program ကို Online ကနေလည်း
သင်တန်းမလာတဲ့ရက်တွေ(သို့) သင်တန်းတက်ဖို့ အကြောင်းအမျိုးမျိုးကြောင့်
ပျက်ကွက်သွားသူတွေ အတွက် မနစ်နာရအောင် အခမဲ့ သင်ကြားပေးပါတယ်။ ဒီ Online Program
မှာ သင်၊သင့် နည်းပြဆရာနဲ့ သင့်အတန်းဖော်တွေ အကြား ကောင်းမွန် ခိုင်မာတဲ့ ဆက်ဆံရေး
တည်ဆောက်နိုင်ဖို့ Moodle Platform ကို အသုံးပြုပြီး www.elearning-myanmar.com မှာ လေ့လာမှုတွေ အတွက် စီစဉ်ပေးထားပါတယ်။ Group
Discussion forum တွေမှာ ပါဝင်ဆွေးနွေးတာ၊ တဦးချင်း မေးခွန်းတွေ မေးတာ၊
ဆွေးနွေးတာတွေ အတွက် www.remind.com မှာ Platform တည်ဆောက်ထားပါတယ်။ ကိုယ့်ရဲ့
နားလည်မှုကို မိမိ ကိုယ်တိုင် စစ်ဆေးနိုင်ဖို့ https://quizlet.com မှာ မေးခွန်း အစုံပေါင်း များစွာနဲ့ Quiz
တွေကို ဖန်တီးပေးထားပါတယ်။ ကျွန်တော်တို့ သင်ကြားတဲ့ စနစ်ဟာ Outcome-based
Education စနစ်ဖြစ်တာကြောင့် Assessment တွေကို အမြဲ ဖြေဆိုနေရပါမယ်။
ဒီ အတန်းမှာ construction project တွေအတွင်း clash detection
နဲ့ပတ်သတ်တဲ့ ဖြေရှင်းချက်တွေကို ပေးဖို့ Navisworks ကို အသုံးပြုပြီး
မိတ်ဆက်အနေနဲ့ သင်ကြားပါမယ်။ construction schedule တွေကို တကယ့်ဆောက်လုပ်ရေး
လုပ်ငန်းခွင်ထဲမှာ လုပ်နေတဲ့ အလုပ်တွေ ထည့်သွင်းပြီး နောက်ဆုံး latest information
တွေကို ရယူနိုင်ဖို့ project Timeliner ကို အသုံးပြုပုံ ပြုနည်း ကျောင်းသားတွေ
လေ့လာရပါမယ်။ Navisworks ထဲမှာ Revit model တွေအသုံးပြုပြီး 3D အပိုင်းကို develop
လုပ်တတ်အောင်၊ ဒီ project 3D model တွေကို animated visualization လုပ်နိုင်အောင်
သင်ပေးပါမယ်။
ဒီ Navisworks Instructor-led Training Course မှာ Navisworks 3D
modeling, Navisworks Timeliner နဲ့ Animator and Clash Detection အပိုင်းတွေနဲ့
ပတ်သတ်လို့ Navisworks ထဲက လုပ်ဆောင်ပုံတွေအားလုံးကို အပြည့်အစုံနဲ့
မိတ်ဆက်သင်ကြားမှုတွေကို တွေ့မြင်ရမယ်လို့ ကတိပြုပါတယ်။
Learning Objectives
·
Explore the methodologies for integrating Revit, 3D AutoCAD and
compatible software programs into a 3D model which can be used to create clash
detection between various structural and MEP systems.
·
Apply workflow strategies for efficient use of integrating
various BIM models into clash detection analysis models.
·
Create timeline animations representing 4D construction modeling
and scheduling.
·
Produce and resolve time-based clash detection reports which
will minimize on-site construction change order requests.
သင်တန်း မတက်မီ
သိသင့်သည်များ
·
ကွန်ပျူတာ window ကို
အခြေခံနဲ့ အလုပ်လုပ် နိုင်တဲ့ အဆင့် သိထားရပါမယ်။
·
computer အခြေခံပြီး
visualization လုပ်တာကို စိတ်အားထက်သန်စွာနဲ့ လေ့လာချင်စိတ်ရှိသူ ဖြစ်ရပါမယ်။
·
Revit သို့မဟုတ် Tekla
Structure အစရှိတဲ့ 3D BIM software တခုခုနဲ့ ရင်းနှီးသူ ဖြစ်ရပါမယ်။
Materials Required
SOFTWARE
·
Navisworks Manage 2017
BOOKS:
·
EduGate မှ ကိုအင်ဒရူး စီစဉ် တည်းဖြတ်ထားသော Navisworks အကြောင်း သင်ခန်းစာ
စာအုပ်
Lesson Videos
ကိုအင်ဒရူး
အဆင့်ဆင့် ရှင်းလင်း လွယ်ကူစွာ သင်ကြားထားသော ဖိုင်များ
Time and Duration
Date and Time: Saturday
(9:00 to 12:00 P.M) for Lectures
Duration: 24
hours(2months) + 48 hours for Assignment and Practice
*BIM
အတန်းကို တက်ရောက်နေသူများအတွက် သင်တန်း Fee ထပ်မံ သွင်းစရာမလိုပါ။
NavisWorks
တစ်ခုတည်း အနေနဲ့ အတန်းတက်ရောက်မည့် သူများအတွက် Fee ကို တစ်သိန်းခွဲကျပ် သတ်မှတ်ထားပါတယ်။
ပထမဆုံး သင်တန်းလာရောက်အပ်တဲ့ သင်တန်းသား (၅)ဦးအတွက် ၂၀% လျော့ပေးဖို့ စီစဉ်ထားပါတယ်။
အသေးစိတ်
ဆက်လက် စုံစမ်းနိုင်ရန်
EduGate
Training Center
No.30A,
4th Floor, U Tun Lin Chan Street
Hlae
Dan, Kamaryut Tsp., Yangon
Phone:
099 6540 1222, 09263 281 989
Website:www.elearning-myanmar.com
Email:
info@edugatemyanmar.com, edugate.center@gmail.com



No comments:
Post a Comment